99.The Earthquake

  1. မြေကမ္ဘာသည် ယင်းအတွက် သတ်မှတ်ပြဌန်းတော်မူသည့် ပြင်းပြင်းထန်ထန် တုန်လှုပ်သော ငလျင်လှုပ်ခြင်းနှင့်အတူ သွက်သွက်ခါတုန်လှုပ်ခြင်းခံရလေသောအခါ။
  2. ထို့ပြင် မြေကမ္ဘာသည် ယင်း (အတွင်း၌ ရှိသောသေသူများ၊ သယံဇာတများ၊ ရွှေငွေရတနာများအစရှိသည့်) ဝန်ထုပ်များကို အပြင်သို့ ထုတ်ပစ်သောအခါ။
  3. ထို့ပြင် လူသားက ယင်း (မြေကမ္ဘာ) ၌ (ယင်းကဲ့သို့တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်း။” ဟု ဟစ်အော်ပြောဆိုသောအခါ။
  4. ထိုနေ့တွင် ယင်း (မြေကမ္ဘာ) ၏သတင်းအချက်အလက်များကို အသေးစိတ် ပြန်လည် ရှင်းလင်းပြောပြပေမည်။
  5. အကြောင်းသော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ယင်း (မြေကမ္ဘာ) အား (ထိုသို့ တုန်လှုပ်စေရန် အရှင့်နိယာမတော်နှင့်အညီ) အမိန့်တော်ထုတ် ပြန်တော်မူလျက် စေ့ဆော်သောကြောင့်ပင် ဖြစ်၏။
  6. ထိုနေ့တွင် လူသားတို့သည် အုပ်စုအမျိုးမျိုးကွဲ၍ ဖြန့်ကြဲလျက် (လောကီဘဝ၌ ပြုကျင့်သော) သူတို့၏ပြုမူကျင့်ကြံမှုများကို ပြသခြင်းခံကြရရန်အလို့ငှာ ရှေ့ဆက်သွားကြလိမ့်မည်။
  7. သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို အဏုမြူ (မြေမှုန့်) ခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည် (သူကျင့်မူခဲ့သော) ကောင်းမှု (၏အကျိုးဆက်) ကို တွေ့မြင်ရပေမည်။
  8. ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုတစ်စုံတစ်ရာကို အဏုမြူ (မြေမှုန့်) ခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (သူပြုကျင့်ခဲ့သော) ယင်းမကောင်းမှု (၏အကျိုးဆက်) ကို တွေ့မြင်ရပေမည်။