97.The Power, Fate

  1. ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သော ည၌ ချမှတ်ပေးအပ်တော်မူ၏။
  2. “သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သောညမှာ အဘယ်နည်း။” ဟူသည်ကို မည်သည်က အသင့်အား သိနားလည်စေမည်နည်း။
  3. သတ်မှတ်ပြဌာန်းတော်မူခြင်းနှင့်တန်ခိုးတော်ဆိုင်ရာ မြင့်မြတ်သော ညသည်ကား လပေါင်းတစ်ထောင် ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။
  4. ထိုည၌ ကောင်းကင်စေတမန်များသည်လည်းကောင်း၊ (အရှင့်သတင်းတော်ဆောင်) ဝိဉာဥ်တော် ဂျီးဗ်ရိလ်သည်လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်ခွင့်ပြုချက်တော်ဖြင့် (ကောင်းမြတ်သော) စီမံချက်အရေးကိစ္စတိုင်းအတွက် ဆင်းသက်လာကြ၏။
  5. (ယင်းညသည်ကား အရှင့်လမ်းစဉ်တော်၌ ဘဝနစ်မြုပ်ထားသူတို့အတွက် ထိုက်တန်သောဂုဏ်ပြုမှုအဖြစ် ကံဆိုးမိုးမှောင်ကျမှုနှင့်ဘေးဒုက္ခအပေါင်းမှ ကင်းဝေးစေ၍ ဘေးကင်း လုံခြုံမှုရှိစေတော်မူလျက်) နံနက်မိုးသောက် ချိန်ပေါ်ထွန်းစအချိန်အထိ ငြိမ်းချမ်းသာယာမှုနှင့်ကရုဏာတော်သက်စေတော်မူ၏။