95.The Fig

  1. (ငါအရှင်မြတ်သည်) သဖန်းသီးပင်ကိုလည်းကောင်း၊ သံလွင်ပင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
  2. ထို့ပြင် (ငါအရှင်မြတ်သည်) သိနတောင်ကို သက်သေထူတော်မူ၏။
  3. ထို့ပြင် (ငါအရှင်မြတ်သည်) ဤဘေးကင်းလုံခြုံသောမြို့တော်ကို သက်သေထူတော်မူ၏။
  4. ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားကို (အကောင်းဆုံး၊ အချိုးအစား၊ အမျှတ အလိုက်ဖက်ဆုံး၊ ပုံပန်းသဏ္ဍာန်အလှဆုံး၊ ဆင်ခြင်ဉာဏ်အရှိဆုံး) ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။
  5. ထို့နောက် ငါအရှင်မြတ်သည် (လူသား၏ပြုမူကျင့်ကြံမှုနှင့်ကိုယ်ကျင့်တရားပေါ်မူတည်၍) ယင်းလူသားအား အညံ့ဖျင်း၊ အနိမ့်ကျဆုံးသာအခြေအနေသို့ အညွန့်ချိုး ရောက်စေတော်မူ၏။
  6. သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သောပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်သူတို့ သည်ကား (အနိမ့်ဆုံးအဆင့်သို့ အညွန့်ချိုးစေတော်မူမည့်သူတို့တွင်) မပါဝင်ချေ။ သို့ဖြစ်ပေရာ သူတို့အတွက် မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်သော အတိုင်းအဆမဲ့ ဆုလဒ်များ အစဉ်အမြဲ ရှိ (စေတော်မူမည်ဖြစ်) ၏။
  7. သို့ပါလျက် (ဤအမှန်တရားများကို သိနားစေတော်ပြီး) နောက်တွင်မှ (နောင်တမလွန်ဘဝ၌ ကောင်းမှုနှင့်မကောင်းမှုအတွက် အစားပေးတော်မူရန်) တရားစီရင်တော်မည့်နေ့နှင့်စပ်လျဉ်း၍ အသင်တို့အား မည်သည့်အရာ မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ် (လှုံ့ဆော်) စေကြသနည်း။
  8. အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် (ဘုန်းတန်ခိုးတော်နှင့်အချုပ်အချာအာဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်) အကောင်းဆုံး တရားစီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည် မဟုတ်လော။