94.The Consolation

  1. (အို၊ ရစူလ်တမန်တော်) ငါအရှင်မြတ်သည် သင့်အတွက် သင်၏ရင်ကို ကျယ်ပြန့်ဖွင့်ပေးစေတော်မူခဲ့သည် မဟုတ်လော။
  2. ထို့ပြင် ငါအရှင်မြတ်သည် သင့်အပေါ်မှ အသင့်ဝန်ထုပ်ကို ဖယ်ရှားလွယ်ကူစေတော်မူခဲ့သည် (မဟုတ်လော)။
  3. ထိုဝန်ထုပ်သည် အသင့်ကျောပေါ်တွင် အလွန်ပင် လေးလံလျက် (အောင့်သက်သက်ဖြစ်သည်အထိ) ဝန်ပိနေခဲ့၏။
  4. ထို့ပြင် ငါအရှင်မြတ်သည် အသင့်ဂုဏ်သတင်းကျော်ကြားစေတော်မူ၍ အသင့်အား မြတ်နိုးလေးစား စေမှုကို မြှင့်တင်၊ မြင့်မားစေတော်မူခဲ့သည် (မဟုတ်လော)။
  5. သို့ဖြစ်ပေရာ ဧကန်မလွဲ၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။
  6. ဧကန်ပင်၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် (ဒွန်တွဲလျက်ပင်) ရှိ၏။
  7. သို့ဖြစ်ပေရာ အသင်သည် (တာဝန်တစ်ခုကို ကျေပွန်စွာဆောင်ရွက်ပြီးနောက်) အားလပ်သောအခါ (နောက်တာဝန်တစ်ခုအတွက် ကြံ့ခိုင်မြဲမြံစွာ) ရပ်တည်အားထုတ်လော့။
  8. ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်တော်သို့ (စိတ်ပါလက်ပါ အာရုံစိုက်လျက် အရှင့်ကျေနပ်နှစ်မြို့မှုကို ရှာကြံရန်) ရုန်းကန်လှည့်ပြန်လော့။