93.The Morning Hours

  1. (ငါအရှင်မြတ်သည်) သာယာလှပသောနေတက်ချိန် (နေ၏တောက်ပသောအလင်းရောင်) ကို သက်သေထူတော်မူ၏။
  2. ထို့ပြင် (ငါအရှင်မြတ်သည်) အမှောင်ထုလွှမ်းလျက် ငြိမ်သက်စေသော ညကို သက်သေထူတော်မူ၏။
  3. အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အသင့်ကို ပစ်ပယ်ထားတော်မူသည်မဟုတ်သည့်အပြင် (အသင့်အား အရေးမစိုက်စရာ) မကျေနပ်မနှစ်သက်စရာအကြောင်းလည်း ရှိတော်မမူပေ။
  4. ဧကန်စင်စစ်၊ အသင့်အတွက် လွန်လေပြီးသောအရာ (လောကီဘဝ) ထက် နောက်လာမည့်အရာ (တမလွန်ဘဝ) က ပိုမိုလယ်ကူ၍ သာလွန်ကောင်းမြတ်လှ၏။
  5. ထို့ပြင် မကြာမီ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အသင့်အား (ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးမှုကို တစ်ခုပြီးတစ်ခု ဆက်တိုက်) ချီးမြှင့်ပေးအပ်တော်မူမည်ဖြစ်ရာ အသင်သည် အားရကျေနပ်လျက် တင်းတိမ်ရောင့်ရဲလိမ့်မည်။
  6. ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူ၍ ခိုကိုးရာ ပေးတော်မူခဲ့သည် မဟုတ်လော။
  7. ထို့ပြင် ထိုအရှင်မြတ်သည် အသင့်အား (အမှန်တရားအတွက် ခြေဦးတည်ရာ သွားလျက်) လမ်းမပေါက်နိုင်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ (အသင့်ကို တမန်တော်အဖြစ်ရွေးချယ်တော်မူလျက်) လမ်းညွှန်တော်မူခဲ့၏။
  8. ထို့ပြင် ထိုအရှင်မြတ်သည် အသင့်အား လိုအပ်ချက်ရှိသူအဖြစ်တွေ့ရှိတော်မူခဲ့ရာ သင့်အတွက် ဖူလှုံပြည့်စုံမှု ဖြစ်စေတော်မူခဲ့၏။
  9. သို့ဖြစ်ပေရာ (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် မိဘမဲ့များအား ချုပ်ချယ်ကြမ်းတမ်းစွာ ဆက်ဆံခြင်း (ကြိမ်းမောင်းခြင်း) မပြုလေနှင့်။
  10. ထိုနည်းတူစွာ (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် အသနားခံတောင်းခံသူတို့အား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုလေနှင့်။
  11. ထို့ပြင် (မည်သည့်အခြေအနေတွင် ဖြစ်စေ) အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစု ပျိုးထောင်စေတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူခြင်းကို ထုတ်ဖေါ်ပြောကြားလော့။