113.The Dawn

  1. (အို၊ ရစူလ်တမန်တော် အသင်သည်) လျှောက်ထား ပန်ကြားလော့။ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖြစ်ပေါ်စေတော်မူသော အရှင်မြတ်ထံတော်၌ (အကာအကွယ်ရရန်) ခိုလှုံယူပါ၏။
  2. ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာဟူသမျှအနက်မှ မကောင်းမှုဖြစ်စေသော အရာဟူသမျှ (ထိခိုက်နစ်နာစေနိုင်သည့် ဘေးဒုက္ခအန္တရာယ်ဟူသမျှ) မှလည်းကောင်း။
  3. အမှောင်အတိ ဖြစ်လာ၍ လွှမ်းမိုးဖုံးအုပ်သောအခါ ယင်းအမှောင်၏မကောင်းမှု (ဆိုင်ရာဘေးအန္တရာယ်များ) မှလည်းကောင်း။
  4. (လူ့ဘောင်အဖွဲ့အစည်း၌ စဥ်းစားဉာဏ် ထုံစေသော အယူသည်းမှုများ ပျံ့နှံ့စေလျက်) အထုံးအဖွဲ့များ၌ (ဂါထာမန္တရားရွတ်ဖတ်) မန်းမှုတ်သောသူတို့၏မကောင်းမှု (ဆိုင်ရာဘေးအန္တရာယ်များ) မှလည်းကောင်း။
  5. မနာလိုငြူစူသောသူသည် မနာလိုငြူစူသောအခါ (ယင်းမနာလိုမှုနှင့်ပတ်သက်ဆက်နွယ်နေသည့်) မကောင်းမှု (ဆိုင်ရာ ဘေးအန္တရာယ်များ) မှလည်းကောင်း၊ (အရှင်မြတ်ထံ ခိုလှုံပါ၏)။