112.Sincerity

  1. (အို၊ ရစူလ်တမန်တော် အသင်သည်) ဟောပြောလော့။ ထိုအရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသော ဧကောဒိ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။
  2. အလ္လာဟ်အရှင်မြတ်သည် (လိုလားတောင့်တခြင်း လုံးဝ ကင်းရှင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏မှီခိုအားထားရာအရှင်၊ အနှိုင်းမဲ့ ပြိုင်ဘက်မဲ့တော်မူသောအရှင်၊) နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။
  3. ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူ တစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ (အရှင်မြတ်၌ ကိုယ်ပွား၊ သားတော်၊ မရှိသည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏သားတော်လည်း ဖြစ်တော်မမူချေ။)
  4. ထို့ပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူနှိုင်းယှဉ်နိုင်သော သက်ရှိသက်မဲ့ ဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ (မည်သည့် အရာမျှ) အလျှင်း မရှိပေ။