111.The Palm Fibre

  1. (ဒေါသမီး၏ဖခင်ဖြစ်သော) အဗူလဟဗ်၏လက်နှစ်ဖက်သည် ဖျက်ဆီးစေပြီး သူလည်း ဖျက်ဆီးပါစေ။
  2. သူ့ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သူရှာဖွေဆည်းပူး၍ ရသမျှသည်လည်းကောင်း၊ သူ့အတွက် အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။
  3. မကြာမီ သူကိုယ်တိုင်လည်း ဟုန်းဟုန်း တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။
  4. ထို့ပြင် (သူနှင့်အတူ) သူ့အမျိုးသမီးသည်လည်း (လူ့ဘောင်အဖွဲ့အစည်း၌ ပြဿနာဖန်တီးစေသည့် မကောင်းမှုဆိုင်ရာ ပုံပြင်များနှင့်သူတစ်ပါးအား အသရေဖျက်စေသော သွားပုပ်လေလွင့် စကားများ ဖြန့်ချီလျက်) လောင်စာဖြစ်သော ထင်းစည်းကို ထမ်းရွက်သူ (ဖြစ်၍ ငရဲမီးထဲသို့ ဝင်ရောက်ရလိမ့်မည်) ဖြစ်၏။
  5. သူမ၏လည်ပင်းပတ်လည်၌ (စွန်ပလွံလျှော်ကို) လိမ်ပိန်ကျစ်ထားသော ကြိုးတစ်ချောင်း ရှိနေ၏။