110.Divine Support

  1. (အို၊ ရစူလ်တမန်တော်) အလ္လာဟ်အရှင်မြတ်၏အကူအညီသည်လည်းကောင်း၊ (အောင်မြင်မှုပေါင်းများစွာ၏သော့ချက်ဖြစ်သော) အောင်နိုင်မှုသည်လည်းကောင်း၊ ရောက်ရှိခဲ့သောအခါ။
  2. ထို့ပြင် အသင်သည် လူတို့အား (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ဖြစ်သော) အလ္လာဟ်အရှင်မြတ်၏ဒီန်အတွင်းသို့ အသင်းလိုက် အဖွဲ့လိုက် တစ်ပြုံတစ်ခေါင်း ဝင်ရောက်လာကြသည်ကို တွေ့မြင်သောအခါ။
  3. (ထိုစဉ် အသင်သည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောကို ကျေးဇူးတင်ချီးမွမ်းလျက် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော် မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ် တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသော ဖြစ်ခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။ ထို့ပြင် ထိုအရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားလော့။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်၍ အရှင်မြတ်ဘက်သို့ ဦးတည်လှန်ပြန်ခြင်းအား အစဥ် လက်ခံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။