109.The Disbelievers

  1. (အို၊ ရစူလ်တမန်တော်၊ ခေါင်းမာမာဖြင့် အမှန်တရားသစ္စာကို ငြင်းပယ်နေသူတို့အား) “အို၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) အပေါင်းတို့။“ဟု ဟောလော့။
  2. ကျွန်ုပ်သည် အသင်တို့ အယူထား ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို မကိုးကွယ်ချေ။
  3. ထို့ပြင် သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်လျက်ရှိသည်ကို မကိုးကွယ်ကြချေ။
  4. ထို့ပြင် ကျွန်ုပ်သည် အသင်တို့က အယူထား ကိုးကွယ်နေကြသော ကိုးကွယ်ရာများကို ကိုးကွယ်မည့်သူ မဟုတ်ပေ။
  5. ထိုနည်းတူစွာ သင်တို့သည်လည်း ကျွန်ုပ်က ယုံကြည်ကိုးကွယ်နေသည်ကို နာခံကိုးကွယ်ကြမည့်သူများ မဟုတ်ပေ။
  6. (စင်စစ်မှာကား) သင်တို့အတွက် သင်တို့၏ဘာသာသာသနာဆိုင်ရာလမ်းစဉ်ရှိပြီး ကျွန်ုပ်အတွက်လည်း ကျွန်ုပ်၏ဒီန် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်း စဉ်) ရှိနေ၏။