108.Abundance

  1. (အို၊ ရစူလ်တမန်တော်) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် အသင့်အား (ကုန်ဆုံးရပ်စဲသွားမည် မဟုတ်သော ကောင်းမြတ်မှုများ) အလျှံပယ် ပေါများသော ကောင်းခြင်းများကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။
  2. သို့ဖြစ်ပေရာ အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ကျေနပ်နှစ်မြို့မှု) အတွက် ဆွလာသ်ဝတ်ပြုဆောက်ဆည်ပြီး (ထိုအရှင်မြတ်၏ကျေနပ် နှစ်မြို့မှုအတွက်ပင် ရည်သန်၍) စွန့်လှူလော့။
  3. ဧကန်မလွဲ၊ (အသင့်ကိုနှောက်ယှက်စော်ကားနေသော) အသင်၏ရန်သူသည်သာလျှင် (အလျှံပယ် ပေးအပ်တော်မူခြင်းမှ) အညွန့်တုံးသွားမည့်သူ ဖြစ်၏။