107.Almsgiving

  1. အသင်သည် (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် မျှတထိုက်တန်စွာ အစားပေးမည့် နောင်တမလွန်) တရား စီရင်မည့်နေ့နှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်သော သူအား မတွေ့မြင်၊ မဆင်ခြင်၊ မသုံးသပ်လေသလော။
  2. (အကြောင်းမှာ) ထိုသို့သောပုဂ္ဂိုလ်သည် မိဘမဲ့များအား ပစ်ပစ်ခါခါ ငြင်းတွန်းလှန် (၍ ကြမ်းကြုတ်စွာ ဆက်ဆံ) သောသူ ဖြစ်၏။
  3. ထို့ပြင် သူသည် ခိုကိုးရာမဲ့သော ဆင်းရဲနွမ်းပါးသူတို့အား အစားအသောက်ကျွေးမွေးခြင်းအပေါ် တိုက်တွန်းနှိုးဆော်လိုစိတ်လည်း မရှိပေ။
  4. သို့ဖြစ်ပေရာ (ထိုသို့သော စိတ်ထားဖြင့် တမလွန်တရားစီရင်မည့်နေ့ကို ငြင်းပယ်သော) ကိုးကွယ်ဝတ်ပြုသူတို့အတွက် ဒုက္ခလှလှနှင့်ကြုံရမည့်ပျက်စီးကိန်းသာ ရှိ၏။
  5. ထိုသို့သော သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှု (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာဆောက်တည်ခြင်း) မှ အလှမ်းဝေးလျက် အလေးမထားဘဲ ဥပေက္ခာပြုထားသူများပင် ဖြစ်ကြလျက် မေ့လျော့ထား ကြကုန်၏။
  6. ထိုသို့သောသူတို့သည် (သူတို့၏ဆွလာသ်ဝတ်ပြုမှု အပါအဝင် ကောင်းမှုကုသိုလ်များကို လူမြင်ကောင်း အောင်နှင့်ချီးမွမ်းခံရအောင်) ဟိတ်ထုတ်ပြစားလိုကြ၏။
  7. ထို့ပြင် သူတို့သည် အကူအညီအထောက်အပံ့အသေးအဖွဲကိုပင် (လူ့ဘောင်အသိုင်းအဝိုင်းရှိ လိုအပ်ချက်ရှိနေသူတို့အား ပေးကမ်းလှူဒါန်းခြင်း မပြုရန်) ငြင်းပယ်၊ ပိတ်ပင်တားမြစ်ကြ၏။