105.The Elephant

  1. (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဆင်များအပေါင်းအဖော် (ဆင်တပ်) နှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းတော်မူခဲ့သည်ကို အသင်သည် မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့လေသလော။
  2. ထိုအရှင်မြတ်သည် သူတို့၏အပျက်သဘောဆောင်သောကြံစည်မှုကို လမ်းကြောင်းလွဲစေတော်မူလျက် (အချည်းနှီးဖြစ်အောင်) ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။
  3. ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အပေါ်၌ (ဒေသခံများ တခါမှ မတွေ့ဖူး မမြင်ဖူးခဲ့သော) ငှက်များကို အအုပ်အသင်းလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။
  4. (ထိုငှက်များသည်) သူတို့အား (အရှင့်အမိန့်တော်အရ ကျည်ဆံပမာ) မာတောင့်သည့်ရွှံ့စေးမှ (ပြုလုပ် ထားသော) ကျောက်ခဲများ ပစ်ချ၍ ထိခိုက်စေခဲ့ကြ၏။
  5. ထိုသို့ဖြင့် ထိုအရှင်မြတ်သည် သူတို့အား ဝါးမျို၍ နင်းခြေထားသော ကောက်ရိုးဖတ်များကဲ့သို့ ဖြစ်စေ တော်မူခဲ့၏။