102.Competition

  1. (ဥစ္စာဓန၊ မျိုးကောင်းမျိုးသန့်၊ ကြွယ်ဝချမ်းသာမှုနှင့်ဂုဏ်ပကာသနစသော လောကီပိုင်ဆိုင်မှုများကို ရှာဖွေရယူရန်နှင့်ယင်းတို့ဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ရန် ရည်ရွယ်၍) လောကီ ဥစ္စာဓနပိုင်ဆိုင်မှုများ တိုးပွားများပြားစေရန် ပြိုင်ဆိုင်လျက် (ဘဝ၏အဓိကရည်ရွယ်ချက်မှ သင့်ကို လမ်းလွဲစေကာ) အာရုံထွေပြားစေ၏။
  2. နောက်ဆုံးတွင် သင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ကြသည်အထိ (ထိုအခြေအနေ၌ ရှိကြ၏။)
  3. သတိပြုကြလော့။ (ထိုအခြေအနေ၌ပင် သေခြင်းတရား အမှန်ပင် ရောက်လာမည် ဖြစ်ကြောင်းကို။) သင်တို့သည် မကြာမီပင် သိနားလည်ကြလိမ့်မည်။
  4. ထို့ပြင် ထပ်မံ၍ သတိပြုကြလော့။ (သေပြီးနောက်တစ်ဖန် အမှန်ပင် ရှင်ပြန်ထစေတော်မူမည် ဖြစ် ကြောင်းကို။) သင်တို့သည် မကြာမီပင် သိနားလည်ကြလိမ့်မည်။
  5. (ထိုအမှန်တရားကို သင်တို့ မသိသေးကြောင်း) သတိပြုကြလော့။ အကယ်၍ သင်တို့သည် တပ်အပ်သေချာသော အသိပညာဖြင့် (ယင်းအမှန်တရားကို) သိနားလည်ကြလျှင် ကောင်းလေစွ။
  6. ဧကန်မလွဲ၊ သင်တို့သည် ချစ်ချစ်တောက်ပူလောင်သော ငရဲမီးကို အမှန်ပင် တွေ့မြင်ကြလိမ့်မည်။
  7. ထို့နောက် (သင်တို့သည် တမလွန်ဘဝကို ရောက်သည့်အခါ) ဧကန်ပင်၊ သင်တို့သည် ယင်းတပ်အပ် သေချာသောအမှန်တရားဖြစ်သည့် ငရဲမီးကို မျက်ဝါးထင်ထင် ဒိဋ္ဌတွေ့မြင်ကြလိမ့်မည်။
  8. ထို့နောက် ထိုနေ့တွင် သင်တို့သည် (လောကီဘဝ၌ အရှင်မြတ်က) ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းအားလုံးနှင့်စပ်လျဉ်း၍ ဧကန်မုချပင်၊ စစ်ဆေးမေးမြန်းခြင်း ခံကြရလိမ့်မည်ဖြစ်၏။