101.The Calamity

  1. ရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီး။
  2. ထိုရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီးသည်ကား မည်သည့် အရာနည်း။
  3. ရုတ်တရက် ဆိုက်ရောက်လာသော အလွန်ပြင်းထန်သည့် ကပ်ဘေးကြီးမှာ အဘယ်အရာဖြစ်ကြောင်းကို မည်သည့်အရာက အသင့်အား သိနားလည်စေမည်နည်း။
  4. (ထိုကပ်ကြီးဆိုက်ရောက်လာမည့်) ထိုနေ့တွင် လူသားတို့သည် နေရာအနှံ့ ပျံ့နှံ့ ဖြန့်ကြဲလျက်ရှိကြသော ပိုးဖလံများကဲ့သို့ ဖြစ်ကြပေလိမ့်မည်။
  5. ထို့ပြင် တောင်များသည် ပွနေသောအမွေးများကို ဖြီးသင်ဖုတ်စုတ်၍ လွင့်ပါးသွားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။
  6. ထိုစဉ် (ယုံကြည်မှုနှင့်ကောင်းမှုကုသိုလ်ကြောင့် ကောင်းမှုဆိုင်ရာ) အလေးချိန်ပမာဏ လေးလံပြည့်မီသူ မည်သူမဆိုသည်။
  7. ထိုသူသည် တင်းတိမ်ရောင့်ရဲလျက် အားရနှစ်လိုဖွယ်ကောင်းသောဘဝအခြေအနေ၌ ရှိလိမ့်မည်
  8. သို့ရာတွင် (ယုံကြည်မှုနှင့်ကောင်းမှုကုသိုလ်ကင်းမဲ့မှုကြောင့် ကောင်းမှုဆိုင်ရာ) အလေးချိန်ပမာဏ (မစီးဘဲ) ပေါ့နေသူ မည်သူမဆိုသည်။
  9. (ထိုသူအတွက်) သူ၏နေထိုင်ရာဌာနမှာ အသူတစ်ရာနက်သော ချိုင့်တွင်းပင် ဖြစ်လိမ့်မည်။
  10. “အသူတစ်ရာနက်သော ချိုင့်တွင်းသည် အဘယ်အရာနည်း။” ဟူသည်ကို မည်သည့်အရာက အသင့်အား သိနားလည်စေမည်နည်း။
  11. (ယင်းအသူတစ်ရာနက်သော ချိုင့်တွင်းဟူသည်) အပူရှိန်ပြင်းထန်စွာ တောက်လောင်လျက်ရှိသော (ငရဲ) မီးပင် ဖြစ်၏။