100.The Chargers

  1. (ငါအရှင်မြတ်သည်) မောဟိုက်ဟောဟဲ၍ လျှာတန်းလန်းနှင့်လျင်မြန်စွာပြေးကြသော စစ်မြင်းများကို သက်သေထူတော်မူ၏။
  2. တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတို့၏ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများ ထွက်စေသောသူ (စစ်မြင်း) များကို သက်သေထူတော်မူ၏။
  3. တစ်ဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား) ရှောင်တစ်ခင်ဝင်တိုက်သောသူ (တိုက်မြင်း) များကို သက်သေထူတော်မူ၏။
  4. တစ်ဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (တည်ငြိမ်သောမြေကြီး၌) ဖုံမှုန့်များကို ထောင်းထောင်းထစေသောသူ (မြင်း) များကို သက်သေထူတော်မူ၏။
  5. တစ်ဖန် (ငါအရှင်မြတ်သည် ရန်သူစစ်အုပ်စုများထဲသို့ ကြံ့ခိုင်မှုမြဲမြံစွာဖြင့်) ရှေ့တိုးထိုးဖောက်ဝင်ရောက်ကြသောမြင်းများကို သက်သေထူတော်မူ၏။
  6. ဧကန်မလွဲ၊ လူသားသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အတွက် အမှန်ပင် ကျေးဇူးကန်းသူ ဖြစ်၏။
  7. ထို့ပြင် ဧကန်မလွဲ၊ လူသားသည် ထိုသို့ (ကျေးဇူးကန်းမှုအပေါ်) သူကိုယ်တိုင် အမှန်ပင် သက်သေသက်ကန် ဖြစ်၏။
  8. ထို့ပြင် ဧကန်မလွဲ၊ လူသားသည် (ဥစ္စာဓနများ၊ ကြွယ်ဝချမ်းသာမှုများ၊ ရပိုင်ခွင့်များနှင့်အခွင့်အရေးများ စသော) ကောင်းမြတ်မှုဟူသမျှကို အလွန်ပြင်းပြစွာ နှစ်သက်မြတ်နိုးခုံမင်လေ့ရှိ၏။
  9. သို့ရာတွင် (ရှင်ပြန်ထမည့်နေ့၌) သင်္ချိုင်းများအတွင်း၌ရှိသောသူသည် (ယင်းသင်္ချိုင်းများမှ ထစေ၍) ခေါ် ထုတ်ခြင်းခံရသောအခါ (ထိုသို့ ရှင်ပြန်ထစေကြောင်းကို) မသိဘဲနေလိမ့်မည်လော။
  10. ထို့ပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ထိန်ချန်ထားခဲ့သမျှကိုလည်း ဖော်ထုတ်စေတော်မူလျက် ထင်ရှားစေခြင်းခံရမည်ကိုလည်း (မသိဘဲနေလိမ့်မည်လော။)
  11. ဧကန်မလွဲ၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ထိုနေ့တွင် သူတို့နှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။